ကျွန်တော့ ချစ်သူလေးကို ကျွန်တော်တကယ်ချစ်မချစ် !
ချစ်တာပေါ့ ဗျာ တုန်နေဒောာင်ကို ချစ်တာပါ ။ တစ်ယောက်ကို တစ်ယောက် ဒာပြန်ဒာလှန်နားလည်ကြတဲ့ ကျွန်တော်တို့ ချစ်သူ နှစ်ဦးက ဘယ်တော့မှလည်း မခွဲဘူး လို့လည်း မှတ်ယူထားကျပါတယ်...။
ဒာရမ်းချစ်တတ်သော ငှက်ကြီး

ဝန်ခံချက်



ဦးစွာ ပထမကျွန်တော့အား English စာနှင့် familiar ဖြစ်အောင် လေ့ကျင့်သင်ကြားပေးခဲ့သော ကျွန်တော့ ရဲ့ ဖခင်ကြီး ဒာား Topic လေးနှင့် ရှိခိုးဦးချကန်တော့အပ်ပါသည်။

ကျွန်နော့် ဘလော့လေးကို လှည့်မကြည့်နိုင်တာကြာပါပြီ။ ဘာရေးရမှန်းမသိတာနဲ့ရော၊ဘာမှ မရေးတတ်တာနဲ့ရော ပေါင်းပြီးမရေးဖြစ်တာပါ။ ဒါပေမဲ့အခုလည်းမဒာားတဲ့ကြားကရေး
ချင်လွန်းဒာားကြီးလွန်းလို့ပါ...ဒီ Tag မှာတော့ နိုင်ငံခြားဘာသာစကားဖြစ်တဲ့ English စာကို ( grammar + speaking ) ကို ကျွန်တော် သိသလောက်လေးရေးသွားပါ့မယ်။ သိသလောက်ဆိုလို့ အများကြီးလည်းမဟုတ်ရပါဘူး။ ကြိုတင်ပြီး တောင်းပန်ထားချင်တာက ကျွန်တော်ဟာ English စာကို professional သင်စားနေသူမဟုတ်ပါဘူး နောက်ပြီး မည်သည့် TOEFL စာမေးပွဲမျှ ဖြေဆိုဘူးချင်မရှိသလို၊ English စာနဲ့ ပက်သက်လို့ မည်သည့် certificate မျှလည်းမရဘူးပါဘူး ။ဒာရှင်းဆုံး ပြောရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မှာတောင် ဂုဏ်ထူးမပါပါဘူး ။ English စာရဲ့ သေသပ်ကျစ်လစ်ပြီး၊လွတ်လပ်ပေါ့ပါးမှု ၊ အမှီအခိုကင်းမှု နဲ့ နိုင်ငံတကာနဲ့ယှဉ် ပြီး အသုံးဝင်မှုတွေကြောင့် ၀ါသနာအရလေ့လာထားသလောက်လေးကို တဆင့်ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်...။ ကျွန်တော် English စာကိုချဉ်းကပ်လေ့လာခဲ့တဲ့ လမ်းကြောင်းအတိုင်း တင်ပြသွားခြင်း ဖြစ်ပါတယ် ။ ဒဲာ့ဒီအတွက် ကျွန်တော်ရဲ့ post တွေမှာ၊ ကျွန်တော်နားလည်ထားသလိုရှင်းပြထားတဲ့ အတွက် လိုဒာပ်ချက်တွေ ရှိနေပါသေးတယ်...။

ဒီTOPIC တွေကို ခေါင်းစဉ်တပ်ဖို့ တော်တော်လေးစဉ်းစားလိုက်ရပါတယ်.
..( English For Beginners ) လို့ ခေါင်းစဉ်တပ်ပြီး English စာကို Basic ကနေလေ့လာရအောင်လည်း ကျွန်တော့် blog လေးကမပြည့်စုံသေးပါဘူး Scholarship တွေရဖို့ exam တွေ၊Entrance တွေအတွက်လည်း verb တွေ sample question တွေကအစ လိုပါသေးတယ်...။
ထို့ကြောင့် အနှီ blog ပိုင်ရှင်သည် မည်သူများကိုရည်ညွှန်းပါ သနည်း။

ကျွန်တော်ကတော့ English စာကို grammar တွေတော့ နည်းနည်း သိတယ်၊ sentence construction တွေ၊verb pattern တွေကို မမြင်သေးလို့ sentence မတည်ဆောက်တတ်သေးသူများ၊ verb တစ်လုံးကိုသိပြီး ထို verb ရဲံ့ usage ကို မသိသေးသူများ....grammar တွေ၊sentence construction တွေ၊ verb pattern တွေကို ကျွန်တော် ကတော့သိတယ် သင်တန်းတွေလည်း တတ်ဖူး တယ်...ဒါပေမဲ့ မိမိ ပတ်ဝန်းကျင်က တစ်နေ့လုံး နေလို့ English လို တစ်ခွန်းလည်းမပြော ၊ကိုယ့် ကိုလည်း ဘယ်သူကမှ English လို လာမပြောကြလို့ ( listening နဲ့ speaking ) skill လိုချင်နေသူများအတွက် အနှီ blog ပိုင်ရှင်သည် ရည်ညွှန်းပါသည်။

ကျွန်တော်ကိုယ်တိုင် ကြုံတွေခဲ့တဲ့ ကာလအပိုင်းအခြားလေးတစ်ခုဖြစ်ခဲ့လို့ပါ...ကျွန်တော့ အမြင်ပြောရရင် ဒဲာဒီကာလအပိုင်းအခြားလေးက အရေးကြီးပါတယ် ဘာလို့ လဲဆိုတော့ ဒဲာဒီကာလလေးပာာ English စာတတ်သလိုလို၊ မတတ်သလို ဖြစ်သွားလို့ပါ verb pattern တွေရဲ့ changes ကို မြင်သလို ၊မမြင်သလို ဖြစ်နေတဲ့ အချိန်မှာ ဒာင်တိုက်ဒာားတိုက်ဆက်ပြီးမလေ့လာဖြစ်ရင် နောင်မှာလည်းမလေ့လာဖြစ်သလို English စာတတ်ဖို့လည်း တော်တော်လေးခက်သွားပါတယ်...နောက်တစ်ခုကရှက်ကြောက်တဲ့စိတ်ပါ ။ငယ်ငယ်တုန်းကဆို English စာလေ့လာတဲ့ သူတွေဆို " ဘိုရူး "လို့နောက်တာတို့ ဘာတို့ ရှိပါတယ် ...နောက်ပြီးစကားပြောရင် "(s) "ထည့် ပြီးနောက်တာတို့ အစသဖြင့်ရှိကြပါတယ် တစ်ချို့ဆို ဒီ attention ကြီးဟာ ကြီးတဲ့ ဒာထိပါပြီး English စာကြီးကို ကြောက်စရာကြီးလို့ ထင်သွားကြလို့ ပါ ။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ တော်တော်လေးကိုနည်းသွားပါပြီ...တစ်ချိန်ကနောက်ခဲ့ ပြောင်ခဲ့ ကြတဲ့ သူတွေလည်းဒာခုချိန်မှာ English စာရဲ့ အသုံးဝင်မှုကို သူတိုကိုတိုင်သိ သွားကြပါပြီ။ထို့ကြောင့် English စကားပြောဖို့ မရှက်ပါနဲ့ မိမိပြောလိုက်သော English စာကြောင်းကိုမှားမှာ မကြောက်ပါနှင့် အထူးသဖြင့် မိမိထက်တော်သော ၊တတ်သောသူများရှေ့တွင် ရဲရဲပြောပါ ၊ များများပြောပေးပါ...။
ကျွန်တော်တိုက်တွန်းချင်တာကတော့
"ပြောပါ
ရဲရဲပြောပါ
မှန်မှန်ပြောပါ
မှားမှာမကြောက်ပါနှင့်"
လို့ ပြောချင်ပါတယ်...။
ဝါးလုံးခေါင်းထဲလသာနေတတ်သူ ငှက်ကြီး


0 comments:

Post a Comment

သစ္စာမရှိတဲ့လူဟာ အပြင်မှာနေ့တိုင်းတွေ့နေလည်း သစ္စာမဲ့မှာပဲ။