ကျွန်တော့ ချစ်သူလေးကို ကျွန်တော်တကယ်ချစ်မချစ် !
ချစ်တာပေါ့ ဗျာ တုန်နေဒောာင်ကို ချစ်တာပါ ။ တစ်ယောက်ကို တစ်ယောက် ဒာပြန်ဒာလှန်နားလည်ကြတဲ့ ကျွန်တော်တို့ ချစ်သူ နှစ်ဦးက ဘယ်တော့မှလည်း မခွဲဘူး လို့လည်း မှတ်ယူထားကျပါတယ်...။
ဒာရမ်းချစ်တတ်သော ငှက်ကြီး

သူလိုလူ-၃




ဘုရားဟောတဲ့ တရား အတိုင်းပေါ့။သတ္တ၀ါဆိုတာ ကျွတ်ချိန်တန်မှ ကျွတ်သတဲ့။ ကျွန်မလဲ ကျွတ်ချိန်တန်သွားလို့ အမှန်ပြင်ဖြစ်သွားတယ်ထင်တယ်။
သူတရားဟောကောင်းသွားတာလဲ ပါမှာပေါ့။ကျွန်မတို့ စကြိုက်ပြီးမကြာဘူး၊ သူ့သူငယ်ချင်းပြောတဲ့ စကား အခု ထိ နားထဲက မထွက်သေးဘူး။
“ နင်တို့ အချစ်ကိုစောင့်ကြည့်သင့်တယ်တဲ့”။ အချိန်ကြာလာတာနဲ့ အမျှ လျော့သွားလား၊ တိုးလာသလား၊ ဆို ပြီး စောင့်ကြည့်ရမယ်တဲ့။
သူ့ သူငယ်ချင်းဆီကကြားပြီးကတည်းက ကျွန်မ သတိထားမိခဲ့တော့တယ်။ကျွန်မဘက်က အချစ်ကော၊သူပေးထားတဲ့ အချစ်တွေကော လျော့ သွားပြီလား၊တိုးလာပြီလား လို့ပေါ့။ ကျွန်မစိတ်ထင်ပြောရရင် အချိန်ကြာလာတာနဲ့ အမျှ ပိုရင်းနှီးလာတယ်။ပိုပြီး သိလာတယ်လေ။ တစ်ယောက်အကြောင်း တစ်ယောက်ပေါ့။ ကျွန်မ အရမ်းဆိုးတာ သူပို သိလာနိုင်တယ်။ တစ်ယောက်အကျင့်ဆိုး တစ်ယောက်သိပြီး ခဏခဏ လဲ ရန်ဖြစ်တော့တာပေါ့။ ရန်ဖြစ်တိုင်းကျွန်မ ပြသနာရှာလို့ ဖြစ်ရတာလေ။ကျွန်မ ဘက်ကတော့ ရန်ဖြစ်တာနဲ့ ချစ်တာနဲ့ ကို သက်သက်စီ ခွဲ ထားတယ်။ သူကတော့ ရန်ဖြစ်တာနဲ့သူ့ကို မချစ်တော့ဘူးလား ဆို ပြီး မေးတော့တာပဲ။
ရန်ဖြစ်ချင်လို့ ဖြစ်တဲ့ ကျွန်မ ကမချစ်တော့ဘူးလား အမေးခံရရင် ကြောင်ကြောင်သွားတယ်။
ချစ်လို့ သူ့ ကို ပြောတာသူနားမလည်ဘူးလေ။ ကျွန်မ က“ အထအန ”ကလဲ သူမတူအောင် ကောက်တတ်တယ်။ သူ စကား တစ်ခွန်းမှားပြီဟေ့ဆို ကျွန်မ မပြီးတော့ဘူး။. သူက ရှင်းပြမယ် ဆိုရင် ကျွန်မ က လက်မခံတော့ဘူး။ ကျွန်မ အကျင့် က ရှင်းပြမယ်ဆို တဲ့ စကားနဲ့အရမ်းဝေးခဲ့တော့ ရှင်းမပြခိုင်းတတ်ဘူး။ အစ က ပဲ ပြန်ပြန် စ တတ်တယ်။ သူ့ကို စိတ်ဆိုးပြီးရင် ကျွန်မ က အစကပြန်ချစ်လိုက်တယ်။ အရင် အဟောင်းကို မေ့လိုက်တော့တယ်။ ကျွန်မ အချစ်က တော့ ဘယ်တော့မှ မလျော့ခဲ့ ပါဘူး။.ကျွန်မပြောနေကြ စကားလိုလေ ကိုယ့်ငါးချဉ် ကိုယ် ပဲ ချဉ်တယ်ပေါ့။ သိပ္ပံ မောင်ဝဆောင်းပါးထဲ ကလို တသက်သက်ချစ်တယ်ဆိုတာရှိရင်၊ တကျက်ကျက်လဲ ဖြစ်ပေးရသတဲ့။ ကျွန်မ တို့နှစ်ယောက်က တောင်တစ်လမ်း မြောက်တစ်လမ်းက လာတာ ဆိုတော့ တစ်ခုခု ဆို ရင် ညှိမယ်ဟေ့ ပဲ။ခေါင်းချင်းဆိုင်ပြီး ညှိ ကြလွန်းလို့ ကြာရင် ကုလသမ္မဂ္ဂ မှာ တောင် ၀င်လုပ်လို့ ရတယ်။ ခေါင်းချင်းဆိုင်တယ်ဆိုတာကလဲ ကွန်ပြူတာနဲ့ ပေါ့ရှင်။ကံကြမ္မာက ကျွန်မ ကို အချစ်နဲ့ ဒီလို ရင်ဆိုင်ခိုင်းတော့ လဲ လက်သင့်ခံ လိုက် ရတာပါပဲ။အစကတော့ လက်မခံချင်ဘူး။ကျွန်မအတွက်အမှတ်တရအဖြစ်ဆုံးက ကျွန်မတို့ချစ်သူသက်တမ်း တစ်လပြည့်တဲ့နေ့ပေါ့။
ထင်မှတ်မထားတာတွေ သူ့ဆီကကြုံရတတ်တဲ့ ကျွန်မအဖို့ အံ့သြစရာနေ့တစ်တနေ့ ပါပဲ။
သူက ကိတ်မုန့်တစ်ခုဝယ်ထားပြီး ကျွန်မကိုစောင့်နေခဲ့တာလေ။ကျွန်မ ကလဲ ကိတ်မုန့်ဆိုရင် Birthday cake ကလွဲလို့ ကျန်တာမသိတဲ့ မိန်းမလေ။
ဒီလို ချစ်သူ သက်တမ်း တစ်လပြည့် ကြီးမှာ ကိတ်မုန့်နဲ့ သူနဲ့ကတော့ ဟုတ်နေတော့တာပဲ။
ဒီဘက်မှာတော့ ကျွန်မအရမ်းကို ရယ်ချင်နေခဲ့ တာလေ။

0 comments:

Post a Comment

သစ္စာမရှိတဲ့လူဟာ အပြင်မှာနေ့တိုင်းတွေ့နေလည်း သစ္စာမဲ့မှာပဲ။