ကျွန်တော့ ချစ်သူလေးကို ကျွန်တော်တကယ်ချစ်မချစ် !
ချစ်တာပေါ့ ဗျာ တုန်နေဒောာင်ကို ချစ်တာပါ ။ တစ်ယောက်ကို တစ်ယောက် ဒာပြန်ဒာလှန်နားလည်ကြတဲ့ ကျွန်တော်တို့ ချစ်သူ နှစ်ဦးက ဘယ်တော့မှလည်း မခွဲဘူး လို့လည်း မှတ်ယူထားကျပါတယ်...။
ဒာရမ်းချစ်တတ်သော ငှက်ကြီး

ဗုဒ္ဓနဲ့ပတ်သက်တဲ့အမေးအဖြေများ




မေး။ ။
ဗုဒ္ဒဘာသာဆိုတာ ဘာလဲ?


ဖြေ။ ။ ဗုဒ္ဒဘာသာ ဆိုတဲ့ စကားလုံးဟာ " ဗုဓိ " ဆိုတဲ့ စကားလုံးမှ လာတာပါ ဗုဒ္ဓဆိုတာ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ အဓိပ္ပါယ်ရပါတယ် ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ ဒီဒဿန ပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထမင်းသားကနေ ဘုရားဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ် ။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည် ။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကြာမြင့် ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ တည်ရှိခဲ့ပါတယ် ။ သို့သော်လဲ ယခု အချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်းများစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွားနေပါတယ် ။


မေး။ ။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿန ပညာရပ် တစ်ခုပဲပေါ့ ...

ဖြေ။ ။ ဒဿန ပညာဆိုတာ အင်္ဂလိပ်စကား " Philosophy " ကို ဘာသာပြန်ထားတာပါ အဘိဓာန် များဖွင့်ပြချက်အရ ဆိုရင် " Philo " ဆိုတာ ချစ်ခင်ခြင်း မေတ္တာလို့ ဆိုလိုပါတယ် " sophy " ဆိုတာ ပညာလို့ အဓိပ္မါယ်ရပါတယ် ဒီတော့ Philosopy ဆိုတာ ပညာကို ချစ်ခင်ခြင်း သို့မဟုတ် မေတ္တာနှင့် ပညာ လို့ အဓိပ္မါယ်ရပါတယ် ဒီစကားလုံး နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္မါယ်ကို အပြည့် အဝ ဖော်ပြနိုင်ပါတယ် ဗုဒ္ဓဘာသာ တရားကတော့ သဘာဝတရားကို ကြည်လင် ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေး ပါတယ် ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တဝါ အားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်စေနိုင်ရန် မေတ္တာ ကရုဏာတရားတိုးပွားအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ် ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင် ပညာ (Supreme Philosohpy )သာဖြစ်ပါတယ်

မေး။ ။ ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ ?

ဖြေ။ ။ ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒယပြည် မြောက်ပိုင်း (ကပ္မိလဝတ်ပြည်) ဘုရင် သုဒ္ဓေါန နှင့် မိဖုရား မယ်တော် မာယာတို့မှာ သားကလေား တစ်ယောက် ဖွားမြင်ပါတယ် ဒီမင်းသားလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့် စုံစုံနှင့် ကြီးပြင်းရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ် ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ် ။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်ပြီး လူသားတို့ ချမ်းသာရရေးအတွက် သော့ချက်ကို ရှာဖွေ ဖို့ ဆုံးဖြတ်လိုက်တယ် ။ အသက် ၂၉ နှစ် ရှိတဲ့အခါ အဲဒီမင်းသားလေးဟာ သူ့ရဲ့ကြင်ယာတော် (ယသော်ဓရာ) နှင့် သားတော် (ရာဟုလာ) ကိုထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ် ။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြားပေးကြသော်လည်း သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းအရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲ ဒုက္ခကို ဘယ်လိုကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြပါဘူး ။ သိဒ္ဓတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ဒုက္ကရ စရယာ အကျင့်မှားကို ခြောက်နှစ်ကြာအောင် လေ့လာပွားများအားထုတ်ခဲ့ပြီး မှားမှန်းသိတဲ့အခါမှာ အာနာပါနဈာန်ကို အခြခံလျက် မဂ္ဂင်ရှစ်တန် ပွားမှသာ အဝိဇ္ဇာကို ပယ်နိုင်တဲ့ အတွက် (အမှန်တရား) ကိုထိုးထွင်းသိမြင်သွားပါတယ် ။ အဲဒီအခါမှ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါတယ် ။ အဲဒီအချိန်က စ ပြီး သူ့ကို ဗုဒ္ဓ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာသူ လို့ ခေါ်ဝေါ် သမုတ် ကြပါတယ် ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ အဲဒီအချိန်မှ စ ပြီး ၄၅ နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူရှာဖွေတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြောခဲ့ပါတယ် ။ ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝက အဖြစ်ခံယူကြပါတယ် ။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား နာခြင်းတရား များ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့ အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်

မေး။ ။ ဗုဒ္ဓဟာသူ့ရဲ့ကြင်ယာတော်နဲ့ သားတော် ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား ?

ဖြေ။ ။ ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာမဟုတ်ပါဘူး ။ သူ အချိန်အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ် ။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုးကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကိုရွေးချယ်ခဲ့တာပါ ကြီးမားတဲ့ မဟာကရုဏာတော်က ဗုဒ္ဓမြတ်စွာစွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲ အပင်ပန်းခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ် ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာ တာဝန်မမဲ့ကြောင်းထင်ရှားပါတယ် ။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှုကြီးပါပဲ...။

ကူးယူဖေါ်ပြထားခြင်းမျှသာဖြစ်ပါသည် ။




0 comments:

Post a Comment

သစ္စာမရှိတဲ့လူဟာ အပြင်မှာနေ့တိုင်းတွေ့နေလည်း သစ္စာမဲ့မှာပဲ။