ဗုဒ္ဓနဲ့ပတ်သက်တဲ့အမေးအဖြေများ
မေး။ ။ ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လိုကူညီနိုင်ပါသလဲ?
ဖြေ။ ။ လျှပ်စစ်ဓာတ်ကို တွေ့ရှိတဲ့ မိုက်ကယ်ဖာရာဒေး(Michael Faraday) ဟာ ကွယ်လွန်သွားပါပြီ ။ သို့သော်လဲ သူရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ် ။ ရောဂါပေါင်းများစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား (Louis Pasteur) ဟာလဲ ကွန်လွန်သွားပါပြီ ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။
ကျော်ကြားတဲ့ အနုပညာများစွာကို တီထွင်ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci)ဟာလဲ သေသွားပါပြီ ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှုပေးနေဆဲပါပဲ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ် ကြီးများကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြာင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့ အခါမှာ သူတို့လို နေထိုင်ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ဖြစ်ပေါ်လာပါ ....ဟုတ်ပါတယ် ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ( ၂၅၀၀ ) ကျော် ကြာသွားပါပြီ ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ ...ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ ။ သူ့စကားတော် တွေက အခုတိုင် လူတွေရဲ့ ဘဝတွေကိုပြောင်းလဲ စေတုံးပါပဲ ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန် စံပြီးနောက် ရာစုနှစ်ပေါင်း များစွာ ကြာလာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာဖြစ်ပါတယ် ...။
မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား (God) လား ?
ဖြေ။ ။ ဗုဒ္ဓြုမတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး ။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး ။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ ...ဒါကြောင့် သူ့လို ကျွန်ုပ်တို့ကြိုးစားရင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ် ။
မေး။ ။ ဗုဒ္ဓမြတ်စွာဟာ ထာဝရ ဘုရားမဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်ကြသလဲ ?
ဖြေ။ ။ ကိုးကွယ်နည်းအမျိုးမျိုး ရှိပါတယ် ။ တချို့က တစုံတခုသော တန်ခိုးရှင် ဘုရားကို (God) ကိုကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ် ...ဂုဏ်ပြုကြတယ် ...။ တစုံတရာ ပူဇော်ပ သ ကြတယ် ။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ် ။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာ သံတွေကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့ ....ဆုတောင်းတာကို ဖြည့်ဆည်းပေးမယ်လို့ ယုံကြည်လို့ .....ပူဇော် ပသ တာကိုလက်ခံလိမ့်မယ်လို့ ....ယုံကြည်လို့ ပါပဲ ။
ဗုဒ္ဓဘာဝင်တွေကတော့ ဒီလို ကိုးကွယ်ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး ။
တခြားကိုးကွယ် ဆည်းကပ်မှု တမျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တဦးဦး သို့မဟုတ် တစုံတရာ ကို ရိုသေသမှု ဂါဝရ ပြုကြတယ် ။ ဆရာအခန်းထဲ ဝင်လာရင် နေရာက ထ ပေးကြတယ် ဂုဏ်သရေရှိ တဲ့လူနဲ့တွေ့ရင် လက်ဆွဲနှုတ် ဆက်ကြတယ် ။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ် ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ ။ လေးမြတ် ကြည်ညိုမှုကို ဖော်ပြကြတာ ဖြစ်ပါတယ် ။ ဒီလို အရိုအသေ ဂါဝရ ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုးကိုးကွယ်မှုမျိုးပါပဲ..။
တင်ပျဉ်ခွေထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွလေး ချထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွားအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေးနေပါတယ် ။ အမွှေးတိုင် ရဲ့ အမွှေးနံ့က ကျွန်ုပ်တို သန္တာန်မှာ ကောင်းမှုကုသိုလ် တွေပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ် ။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင် စေဖို့ သတိပေးပါတယ် ။ ကပ်လှူထားတဲ့ ပန်းများ ညှိုးနွမ်း ကြွေကျသွားတဲ့ သဘောကတော့ ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ် ။ ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဦးညွတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ် ။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
Subscribe to:
Post Comments (Atom)





ဒာားလုံးကြည့်ရန်
ပြန်ပိတ်ရန်







0 comments:
Post a Comment
သစ္စာမရှိတဲ့လူဟာ အပြင်မှာနေ့တိုင်းတွေ့နေလည်း သစ္စာမဲ့မှာပဲ။